No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

‘ပဲခူးမြို့တွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို ရဲတပ်ဖွဲ့ကရေပိုက်ဖြင့်ထိုး၍ ဖြိုခွင်း’ -လွှတ်တော်အမတ်တစ်ဦးအပါအဝင် ကိုးဦးထက်မနည်းဖမ်းဆီးခံရ ရန်ကုန် - ပဲခူးမြို့တွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများကို ရဲတပ်ဖွဲ့က ရေပိုက်ဖြင့်ထိုး၍ ဖြိုခွင်းခဲ့ကြောင်း ပဲခူးမြို့ဒေသခံများက ပြောသည်။ ထို့အပြင် ဆန္ဒပြပြည်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေအပါအဝင် ကိုးဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံများက ပြောသည်။ ပဲခူးမြို့နယ်ပြည်သူများ၏ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့နံနက် ၈ နာရီကစတင်ခဲ့ပြီး အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပါဝင်သော သပိတ်စစ်ကြောင်းမှာ ဘုရားလမ်း၌ လူစုခွဲခံခဲ့ရသည်။ သို့သော် ကျောင်းသားများနှင့် ပြည်သူများပါဝင်သည့် သပိတ်စစ်ကြောင်းအချို့မှာ ပဲခူးမြို့လယ် ရန်ကုန် - မန္တလေးလမ်းဟောင်း ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံမီးပွိုင့်အနီးတွင် နေ့လယ် ၁ နာရီအထိ လူစုခွဲခြင်းမရှိသေးဘဲ ဖမ်းဆီးခံရသူများပြန်လွှတ်ပေးရေး ဆက်လက်တောင်းဆိုနေကြသည်။ ဓာတ်ပုံ - Ko Myo(mzmptph)၊ Than Win Naing Credit: