No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဦးခေါင်းကိုကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကွယ်လွန် ~~~~~ ■ နေပြည်တော်ပစ်ခတ်မှုမှာ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဒီကနေ့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ သေဆုံးသွားပြီလို့ ဆရာဝန်တွေက အတည်ပြုပြောပါတယ်။ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက "ဦးနှောက်သေသွားပြီလို့ ကျနော်တို့က သတ်မှတ်လိုက်ပါပြီ။ အသက်ရူစက်ဖြုတ်ဖို့လည်း မိသားစုကို အကြောင်းကြားထားပါပြီ။ တကယ်တော့ လူနာက ဆုံးနေပြီ၊ ဆေးပညာအရ ဦးနှောက်သေဆုံးပြီလို့ သတ်မှတ်လိုက်တာဟာ သေဆုံးသွားတာပဲ၊ မိသားစုကတော့ ဘယ်အချိန်မှာ အသက်ရူစက်ဖြုတ်မယ်ဆိုတာ မပြောသေးပါဘူး" လို့ RFA ကို အတည်ပြုပြောပါတယ်။ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းထဲမှာ ဝင်နေတဲ့ ကျည်ဆံစကို ခွဲထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်းမှာ ဆရာဝန်တွေက လက်လျှော့လိုက်တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကြောင့် အသက်(၁၉) နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို သေနတ်ကျည်ဆံထိမှန်ခဲ့တာပါ။ ကျည်ဆံထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းမှာ စစ်ဆေးတွေ့ရှိတဲ့ ဆေးမှတ်တမ်းတွေအရ ရဲတပ်ဖွဲ့ရဲ့ ကျည်ဆံဟာ အဓိကရုဏ်း နှိမ်နင်းရာမှာသုံးတဲ့ ရော်ဘာကျည်မဟုတ်ဘဲ သံနဲ့လုပ်ထားတဲ့ ကျည်ဆံအစစ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက ပြောပါတယ်။ မမြသွဲ့သွဲ့ခိုင်ဟာ စစ်အာဏာသိမ်းဆန္ဒပြတဲ့သူတွေထဲမှာ ပထမဆုံးသေဆုံးသွားသူဖြစ်ပါတယ်။ မမြသွဲ့သွဲ့ခိုင်ရဲ့ အသုဘအခမ်းအနားကို နေပြည်တော်မှာ စည်စည်ကားကား ကျင်းပနိုင်ဖို့ ပြင်ဆင်နေပြီလို့ NLD အမတ်တဦးက ပြောပါတယ်။ Credit: