No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အကြမ်းဖက်ဖြိုခွင်းတာတွေမလုပ်ဖို့ မွန်ပြည်သစ်ပါတီပြော ဖေဖေါ်ဝါရီ - ၁၃၊ ၂၀၂၁ ငြိမ်းချမ်းစွာ ဒီမိုကရေစီနည်းကျ ဆန္ဒဖော်ထုတ်တဲ့ ပြည်သူကိုတပ်မတော်ဘက်က အကြမ်းဖက်ဖြိုခွင်းမှုတွေ မလုပ်ဘဲ တရားဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းဖို့ မွန်ပြည်သစ်ပါတီက ပြောလိုက်ပါတယ် ။ လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ မိမိတို့လိုလားချက်ကို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတာဟာ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတယ်လို့ မွန်ပြည်သစ်ပါတီက လက်ခံယုံကြည်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိတာပါ။ NLD အစိုးရထံကနေ တပ်မတော်က အာဏာကို အင်အားသုံး ရယူတာကြောင့် နိုင်ငံအတွက် ထိခိုက်နစ်နာစေပြီး တပ်မတော်နဲ့ NLD ပါတီတို့ကြား ဖြစ်ပေါ်နေတဲ့ ပြသနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားသင့်တယ်လို့ မွန်ပြည်သစ်ပါတီက ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီ (MUP)က လက်ခံလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ်မှာလည်း ပြန်လည်ဆွေးနွေးအဖြေရှာဖို့အတွက် MUP ဗဟို ကော်မတီအစည်းအဝေး ခေါ်ယူသင့်တယ်လို့ မွန်ပြည်သစ်ပါတီက တိုက်တွန်းထားပါတယ်။ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်မယ့်အရေးကိစ္စကို MUP ပါတီက ဆွေးနွေးဆုံးဖြတ်ရာမှာလည်း ဒီမိုကရေစီနည်းကျကျ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ကြပြီး ထွက်ပေါ်လာတဲ့ ရလာဒ်ကို လေးစားလိုက်နာကြဖို့ မွန်ပြည်သစ်ပါတီက အကြံပြုထားတာ ဖြစ်ပါတယ်။ Credit: