
မန္တလေးမှာ ထောင်လွတ်နှစ်ယောက်တင်ဆောင်လာတဲ့ ပရဟိတကားကိုပြည်သူတွေကဖမ်းဆီးထား ------------ မနေ့ညက လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့အကျဉ်းသားနှစ်ဦးတင်ဆောင်လာတဲ့ပရဟိတအသင်းကားကို ၈၁လမ်းပေါ် ၁၂လမ်းနဲ့၁၃လမ်းကြားမှာ ပြည်သူတွေကတားဆီးပြီး ပြည်လုံးအေးဓမ္မာရုံထဲမှာ ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အောင်မြေသာစံမြို့နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကဉ္စနမဟီပရဟိတအသင်းကားနဲ့ အသင်းသားသုံးယောက်က၊ လွတ်ငြိမ်းနှစ်ယောက်ကို ကားနဲ့တင်ခေါ်လာရာမှာရပ်ကွက်နေပြည်သူတွေက တားဆီးထိန်းသိမ်းခဲ့တာပါ။ ရပ်ကွက်နေပြည်သူတွေကတော့ ရပ်ကွက်ထဲမီးကွင်းပစ်တာ ဒုစရိုက်မှုလာလုပ်တာလို့ပြောဆိုနေကြပြီး ထောင်လွတ်နှစ်ဦးနဲ့ အသင်းကားပေါ်ပါလာသူ ကားမောင်းသမားနဲ့နှစ်ဦးကတော့ ဒါကိုငြင်းဆိုနေကြပါတယ်။ လတ်တလောအခြေအနေကတော့ ပြည်သူတွေက သူတို့ကို အပြင်ထုတ်ပေးဖို့တောင်းဆိုနေကြပြီး အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးကတော့ ညဘက်အပြင်မထွက်ရအမိန့်ဖောက်ဖျက်မှုနဲ့ အမှုဖွင့်သွားဖို့ရှိတယ်လို့ဆိုပါတယ်။ ဓာတ်ပုံ- မင်းနန္ဒ (မန္တလေး) Credit: