No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက် ကင်းစောင့်ရင်း သေနတ်မှန်ပြီး သေဆုံးခဲ့သူရဲ့ အိမ်ကို သွားရောက်အားပေးနှစ်သိမ့်ခဲ့ပြီး လိုအပ်တာတွေ ပံ့ပိုး ကူညီမယ့် ခိုင်နှင်းဝေ ========================= ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်က သေနတ်မှန်ပြီး သေဆုံးခဲ့သူရဲ့ အိမ်ကို သွားရောက် အားပေးနှစ်သိမ့် ပေးခဲ့ပြီး ေငွလှူဒါန်းတဲ့ အပြင် လိုအပ်တာတွေ ပံ့ပိုးကူညီမယ် လို့ သရုပ်ဆောင် ခိုင်နှင်းဝေ က ဒီနေ့ မှာ သူ့ရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာ မှာ ဖော်ပြလာခဲ့ပါတယ်။ သေဆုံးတဲ့ ဖြစ်စဥ် ဟာ ဖေဖော်ဝါရီလ ၂၀ ရက်ညပိုင်းမှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီအကြောင်းကို သူက "ရွှေပြည်သာ မှာ ခေါင်းကို သေနတ်မှန်ပြီး သေဆုံးသွားတဲ့ တာဝန်သိ ကင်းစောင့် ပြည်သူ တစ်ဦးရဲ့ ကျန်ရစ်တဲ့ ဇနီး နဲ့ သားလေး အိမ်ကို အားပေးနှစ်သိမ့်ဖို့ ရောက်ဖြစ်ခဲ့ပါတယ်ရှင်..ပြောစရာ စကား ရှာမရ ပဲ ငိုနေရင်း ရင်ကွဲသလို ခံစားမိပါတယ်..ကိုယ်ချင်းလဲ စာမိတယ်..လိုအပ်တဲ့ နေရာ အသုံးပြုဘို့အတွက် ကျမ တတ်နိုင်သလောက် အလှူငွေ (၄)သိန်း လှူဒါန်းပေး​ြပီး မိသားစု စားဝတ်နေရေး နဲ့ ကလေးအတွက် လိုအပ်တာများ ပံ့ပိုး ကူညီသွားပါမယ်ရှင်..ခုလို အဖြစ်ဆိုးမျိုး ဘယ်သူမှ မကြုံရပါစေနဲ့ လို့ ကျမ ဆုတောင်းပါတယ်..လူ အချင်းချင်း သတ်ဖြတ် အနိုင်ကျင့်ခြင်း ကင်းဝေးပါစေရှင်" လို့ ရေးသားထားတာ​ပါ။ HAP ဓာတ်ပုံ - ခိုင်နှင်းဝေ Credit: