No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အာဏာရှင်စနစ်ဆန့်ကျင်ကြောင်းကို လမ်းမပေါ်ထွက်လာပြီး ဆန္ဒပြသည့် လူငယ်အများစုပါဝင်သည့် ပြည်သူလူထုမှာ ယနေ့(၁၉)ရက်မြောက်နေ့လည်းဖြစ်သည်။ ရန်ကုန်မြို့တွင် ဆန္ဒပြပြည်သူများစုဝေးရာနေရာ တစ်ခုဖြစ်သော ဆူးလေ၊လှည်းတန်း လမ်းဆုံနှင့် လူစည်ကားရာနေရာများ၊ နိုင်ငံတကာသံရုံးရှေ့များအပါအဝင် နေရာအနှံ့အပြားတွင် လူငယ်အများစုပါဝင်သော ပြည်သူလူထုက ပုံစံအမျိုးမျိုးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် ယခုနောက်ပိုင်းရက်များအတွင်း ဆန္ဒပြလူငယ်များက သပိတ်စစ်ကြောင်းများဖြင့် ချီတက်ဆန္ဒပြမှုများ နှင့် မြန်မာအရေးထောက်ခံပေးနေသည့် နိုင်ငံများ၏သံရုံးများရှေ့သို့သွားရောက်ကာ မြန်မာလူငယ်များက ဆန္ဒပြကန့်ကွက်မှုပြောင်းလဲပြုလုပ်လာကြသည်။ ယနေ့တွင် ရန်ကုန်မြို့ရှိ မြေနီကုန်းလမ်းဆုံတွင် စုဝေးဆန္ဒပြနေသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ဓာတ်ပုံ - 7Day News Crd: